ကွမ်းခြံကုန်းမြို့နယ်တွင် Online မှ တဆင့် သင်ကြားပို့ချပေးမည့် အဆင့်မြင့်စာကြည့်တိုက် ပညာနှင့် စာကြည့်တိုက် နည်းပညာသင်တန်း ၁/၂၀၂၁ အား ဖွင့်လှစ်

ကွမ်းခြံကုန်း   ဇန်နဝါရီ        ၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက် အသင်း (MLA)က ကြီးမှူးဖွင့်လှစ်သော Online မှ တဆင့် သင်ကြားပို့ချပေးမည့် အဆင့်မြင့် စာကြည့်တိုက်ပညာနှင့် စာကြည့်တိုက်နည်းပညာသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ထန်းတောကျေးရွာ မြို့ဦးထိပ်တွင် တည်ရှိသော မင်းသုဝဏ်ဖောင်ဒေးရှင်းပိုင် ဖိုးကြာဇံခန်းမ  Community Centre တွင် ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။

စာကြည့်တိုက်ပညာရပ်များကို ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သောအဆိုပါသင်တန်းသို့ သင်တန်းသူ/သား(၆) ဦးတက်ရောက်ပြီး Zoom Application မှတဆင့် စာကြည့်တိုက်ပညာနှင့် စာကြည့်တိုက် နည်းပညာဆိုင်ရာ ဘာသာရပ် စုစုပေါင်း (၁၇) ခုကို သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းကို ဇန်နဝါရီလ ၅ ရက် နေ့မှ ၂၉ ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့ အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ဖွင့် လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း အစ/အဆုံးတက်ရောက်အောင်မြင်သူများကို (Completion Certificate Of Library Education and Technology)  သင်တန်းဆင်း လက်မှတ်များပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းစိုး (ကွမ်းခြံကုန်း)