ကျောက်ဖြူ ဇန်နဝါရီ ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဇန်နဝါရီ ၁၆ ရက် နံနက်က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပရာ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က ပုံပြင်ပြောပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ထားသည့်အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပုံပြင်ပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာ “ညီညွတ်ခြင်းသည် အင်အား” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၃) ဦးတို့မှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများကို ပြည်ထောင်စုနေ့ အခမ်းအနား၌ ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြသထားသည့် စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်ပိုစတာအား စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)