ဘုရားသုံးဆူ​မြို့တွင် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းဆောင်ရွက်

ဘုရားသုံးဆူ ဇန်နဝါရီ   ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ " ခွေးရူးရောဂါ ကင်းစင် ကမ္ဘာတစ်ခွင် ၂၀၃၀ တွင် "  အစီအစဉ်ဖြင့်   ယမန်နေ့ နံနက်ပိုင်းမှ စတင်၍  မြို့နယ်အတွင်း ရှိဒေသခံ ပြည်သူများမွေးမြူထားသည့် အိမ်မွေးခွေးများကို  အခမဲ့လိုက်လံ ထိုးနှံပေးလျက်ရှိပါသည်။

အဆိုပါ ကာကွယ်ဆေးထိုးပေးခြင်းကို ဘုရားသုံးဆူမြို့  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့ဦးစီးမှူး  ​ဒေါက်တာ သိန်းမော်ဝင်းနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင်အခမဲ့ လိုက်လံ ထိုးနှံပေးလျက်ရှိပြီး ဘုရားသုံးဆူ​မြို့ အတွက် ကာကွယ်ဆေးအလုံး(၅၀)ရရှိကြောင်းနှင့် ၂၀၃၀ တွင် မြန်မာနိုင်ငံ၌ ခွေးရူးရောဂါ ကင်းစင်ပပျောက်ရေးစီမံချက်ဖြင့် ရည်ရွယ်၍ ဆောင်ရွက် နေခြင်းဖြစ်ပြီး မိမိ၏ အိမ်မွေးခွေးများကို ကာကွယ်ဆေးထိုးနှံပေးရန်လိုအပ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

စောရဲဝင်းထွဋ် (ပြန်/ဆက်)