ကော့ကရိတ်မြို့ချောင်းဖျားကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း​ဆောင်ရွက်

ကော့ကရိတ်  ဇန်နဝါရီ ၇

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကျုံဒိုး ချောင်းဖျား .ကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခြင်းလုပ်ငန်းကို  ယမန်နေ့က စတင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကွန်ကရစ်လမ်းသည် အုန်းတပင်ကျေးရွာနှင့် ချိတ်ဆက်လျက်ရှိပြီး လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း (၁၅၀)ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီးအတိုင်းအတာအားဖြင့် (အရှည် ၁၁၆၀ ပေ ၊ အကျယ် ၁၀ ပေ ၊ ထု ၆ လက်မ) လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဦးရဲနိုင်ထွန်း လူထုစည်းရုံးရေးမှူး ဦးစောဌေးရီ တို့မှအနီးကပ်ကြီးကြပ်မှု၊ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်း ပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှုများဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းရာနှုန်းပြည့် ပြီးစီးသွားပါက ကျေးရွာမှအိမ်ထောင်စု (၃၀၉)စု၊ လူဦးရေ (၁၈၃၅)ဦး တို့၏ ပညာရေး၊ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများအတွက်  အဆင်ပြေကောင်းမွန်စွာ သွားလာနိုင် မည်ဖြစ်ကြောင်းသိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)