ရေစကြိုမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပ

ရေစကြို ဇန်နဝါရီ  ၇

ရေစကြိုမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုး သမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပ သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို  ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲတွင် ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးမှူး ဦးညီညီအောင်နှင့် မီးသတ် တပ်ဖွဲ့ ဝင်များက လက်တွေ့အဝတ်စိုနှင့် မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး အသုံးပြုနည်း အပါအဝင် လက်တွေ့မီးသတ်နည်းများဖြင့် သရုပ်ပြရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့အောင်နှင့် နည်းပြဆရာမများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

နွယ်နွယ်အောင်