လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လမ်းကွန်ကရစ်ခင်းဆောင်ရွက်ရန် လမ်းနယ်နိမိတ် စိုက်ထူခြင်း ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း)  ဇန်နဝါရီ ၇

လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၌  လမ်းများပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး အများပြည်သူများ သွားလာရေး အဆင်ပြေ စေရန် အတွက် (၂၀၂၀−၂၀၂၁) တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် မြေသားလမ်းများအား ကွန်ကရစ်လမ်းခင်းဆောင်ရွက်ရန် လမ်းနယ်နိမိတ်များ တိုင်းတာစိုက်ထူခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီခန့်က လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၁၃)ရပ်ကွက်ရှိ ဇင်ယော်လမ်းအား ကွန်ကရစ်လမ်းခင်း ဆောင်ရွက်ရန်အတွက် လမ်းနယ်နိမိတ်များ စိုက်ထူခြင်းနှင့် လမ်းနယ်နိမိတ်အတွင်းရှိ အဆောက်အဦများအား ရှင်းလင်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအေးဗိုလ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်(၂)ဦးဇော်အောင်၊     စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်၊ အမှတ်(၁၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ အများ ပြည်သူများ သွားလာရေး အဆင်ပြေစေရန် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)