ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ ဇန်နဝါရီ  ၂၀

၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရှမ်းပြည်နယ်၊ ပင်လုံမြို့သို့ တိုင်းရင်းသားခေါင်းဆောင်များအား ဖိတ်ကြားကာ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ပင်လုံညီလာခံကို ကျင်းပခဲ့ပြီး တိုင်းရင်းသားအားလုံး တစ်စုတစ်စည်းတည်းနေထိုင်ကြသည့် ပြည်ထောင်စုကြီးအဖြစ် လက်ခံသဘောတူကြ၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ထိုလက်မှတ်ရေးထိုးသော နေ့ထူးနေ့မြတ်ကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားများ အောင်မြင်စွာကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျင် (၇) ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ (၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ စနစ်တကျဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကော်မတီများတွင် တာဝန်ပေးအပ်ခြင်းခံရသည့် ဌာနဆိုင်ရာများအနေဖြင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပေးကြရန်နှင့် ကော်မတီဥက္ကဋ္ဌများအနေဖြင့်လည်း မိမိတို့ကော်မတီ၏လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့်၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇)နှစ်မြောက် ပြည်ထောင် စုနေ့အခမ်းအနားအားခမ်းခမ်းနားနား၊ သိုက်သိုက်ဝန်းဝန်းနှင့် အေးချမ်းစွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာကော်မတီများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်း များက လုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး စနစ်တကျစီမံ ဆောင်ရွက်ကြရန်ပြောကြားသည်။

ထို့နောက် (၇) နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီဖွဲ့စည်းမိန့်နှင့် (၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပခဲ့မှုများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်မိုးဦးက ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက်အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဇန်နဝါရီလ ၁ ရက်နေ့ညနေပိုင်းက အဆိုပါ အစည်းအဝေးခန်းမ၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆၊ Youth Peace Forum 2026 နေပြည်တော်သို့ ရခိုင်ပြည်နယ်ကိုယ်စားပြု တက်ရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ်များအား ဂုဏ်ပြုပွဲ အခမ်းအနား တက်ရောက်သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး  အဖွဲ့အုပ်ချုပ်သူ ဒေါက်တာ ခင်သက်ကျော်၊ ဒုတိယပါမောက္ခချုပ်(ငြိမ်း)က လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆၊ Youth Peace Forum 2026 သို့တက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆၊ Youth Peace Forum 2026 လူငယ်များ၏အိမ်မက် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် နှစ်သိမ့်ဆု ရရှိခဲ့သောလူငယ်များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြပြီး လူငယ်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့်အထိမ်းအမှတ် အလှပြယာဉ် လှည့်လည်ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး အလှပြယာဉ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)