စစ်ကိုင်းမြို့၌ လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၂၀

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသင်ခန်းစာအပြင် ပြင်ပစာပေကောင်းများဖတ်ရှုပြီး အချင်းချင်း အပြန်အလှန်ဆွေးနွေးတက်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လူငယ်စကားဝိုင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့နံနက်ပိုင်းက  စစ်ကိုင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေမင်းဝံ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ဦးစီးအရာရှိဒေါ်မေဇင်မိုးက ဦးဆောင်ဆွေးဆွေးသူအဖြစ်ဆောင်ရွက်ခဲ့ပြီး Grade-11 မှ မဆုလဲ့နွယ်က လူငယ်နှင့်စာပေ၊ Grade-11 မှ မကျော့ကေခိုင်ကိုက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade- 10 မှ မောင်ဟိန်းဝေယံထွန်းက လူငယ်နှင့်အားကစား၊ Grade- 10 မှ မကြယ်စင်သန့်က လူငယ်နှင့်ကျန်းမာရေး၊ Grade-11 မှ မောင်မင်းခန့်ကိုကိုက လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  သုတ၊ ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နေလင်းအောင်