ဒီပဲယင်းမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

ဒီပဲယင်း  ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ရွာရှည်ကျေးရွာအုပ်စု ကွင်းအမှတ် ၂၀၃၈ ဦးပိုင်အမှတ်၂၃ တောင်သူ ဦးတိုက်ကြီးအောင်၏ မိုးစပါး ရွှေဘိုပေါ်ဆန်း (IPM) စံပြကွက် (၀.၁၀) ဧက စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပရာ ဒီပဲယင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအေးမင်းထွန်းနှင့် ဝန်ထမ်းများ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်ဦးနှင့် ဝန်ထမ်းများ ဒေသခံ တောင်သူ တက်ရောက်ခဲ့ကြသည်။

စံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းက ဘက်စုံပိုးပွားကာကွယ် နှိမ်နင်းရေး နည်းလမ်းများ အကြောင်း ရှင်လင်းဆွေနွေးပြီး စံပြကွက်တာဝန်ခံဒေါ်ဇင်မာဝင်းမှ (IPM) စနစ် ကျင့်သုံးခြင်းအားဖြင့် ဓတုပိုးသတ်ဆေး လျှော့ချသုံးစွဲနိုင်ခြင်းကြောင့် ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေးကောင်း သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း၊ သဘာဝ မြေဆွေး ပိုးများ ထိန်းသိမ်းတတ်လာခြင်း၊ တောင်သူများအနေဖြင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းခြင်း နည်းလမ်းများအား နေရာဒေသကိုလိုက်၍ ကျင့်သုံးတတ်လာခြင်း၊ တစ်ဧက ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြက်များ ပိုမိုရရှိလာစေသည့် အကျိုးကျေးဇူးများ ရရှိစေခြင်း၊ စသည့်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ယနေ့ကျင်းပသည့်  တောင်သူဦးတိုက်ကြီးအောင်၏ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး စံပြကွက်ရိတ် သိမ်းခြင်းမှ တစ်ဧကအထွက်နှုန်း စပါးအစို (၈၁) တင်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

သိန်းထွန်း(ဒီပဲယင်း)