ပန်းတောင်းမြို့နယ်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရေပေးရေး ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းများ ချပြရှင်းလင်းခြင်းအခမ်းအနားပြုလုပ်

ပန်းတောင်း ဇန်နဝါရီ ၇

ပဲခူးတိုင်း​ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်‌တွင် ရေပေးရေး ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းများ ချပြရှင်းလင်းခြင်း အခမ်းအနားအား  ယမန်နေ့ နံနက်ပိုင်းက ပန်တောင်းမြို့နယ် ကျေးလက် ဒေသဖွံ့တိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၊ ပဲခူးတိုင်းဒေသ ကြီး ပန်းတောင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်နှင့် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်တို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်က အခမ်းအနားပြုလုပ် ကျင်းပရခြင်းအား အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ကာ တင်ဒါ အောင်မြင်သော ဓနထွန်းပြည့်ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းစတင်ဆောင်ရွက်မည့်  အစီအစဉ်များအား ရှင်းပြ ခြင်း၊ တက်ရောက်လာသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရေပေးရေး ကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်မည့် မြေသား ရေကန် များနှင့် ပတ်သက်၍   ဆောင်ရွက်ထားရှိမှုများအား  ရှင်းလင်းတင်ပြကြရာ  မြို့နယ်(TPIC)အဖွဲ့မှ  လိုအပ်သည်များအား ဖြည့်စွက် အကြုပြု ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး  ပန်းတောင်မြို့နယ် တွင် မြေသားရေကန်(၃)ကန်အား အနက်နှိုက်ခြင်းလုပ်ငန်းနှင့် စိမ့်စမ်းရေ သွယ်တန်း ခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)