ဇီးကုန်းမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ ချိတ်ဆွဲခြင်း ဆောင်ရွက်

ဇီးကုန်း ဩဂုတ် ၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ ချိတ်ဆွဲခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေ လျက်ရှိကြောင်း သိရ သည်။

အဆိုပါ လက်ကမ်းစာစောင်နှင် ပိုစတာများ၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  အနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး အသိပညာပေး အကြောင်း အရာများ၊ မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်ပါက ဆောင်ရွက်ရမည့် အချက်များ၊ ကိုယ်ရေးအချက်အလက်များ မှားယွင်းနေပါက ဆောင်ရွက်ရမည့်အချက်များ၊ မပါဝင်သင့်သူ ပါဝင်နေပါက ပယ်ဖျက် ရန် ဆောင်ရွက်ရမည့် အချက်များနှင့် မဲစာရင်း သွားရောက်ကြည့်ရှုသော အခါ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် လိုက်နာရမည့်အချက်များ အစရှိသည့်များကို ပြည့်စုံစွာထည့်သွင်း ဖော်ပြထားသည်။

အသိပညာပေး လက်ကမ်းစာစောင်နှင် ပိုစတာများဖြန့်ဝေခြင်းဖြင့် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိရန်၊ ပြည်သူများ အနေဖြင့် အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံး(၁)ဦး မပျက်မကွက် လာရောက်ကြည့်ရှု စစ်ဆေးခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေး စေလိုကြောင်းနှင့် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)