လှိုင်းဘွဲ ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ပြန်လာသူများကို Facility Quaratine နှင့် Home Quaratine စနစ်တကျ ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့က နေရပ်ပြန် ပြည်သူ(၂၄)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် နှာခေါင်းတို့ဖတ်နှင့်အာခေါင်တို့ဖတ်တို့ကို ရယူ စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နှာခေါင်တို့ဖတ်နှင့်အာခေါင်တို့ဖတ် ရယူစစ်ဆေးရာတွင် မြိုင်ကြီးငူတိုက်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒေါက်တာ သန်းထိုက်အောင်နှင့်ကျန်းမာရေး ဝန်ထမ်းများက မြိုင်ကြီးငူအထူးဒေသ နန်းသီလာမြိုင်ဆေးရုံရှိ Facility Quaratine Centre တွင် ထားရှိသော နေရပ်ပြန်ပြည်သူ(၂၄)တို့ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် နှားခေါင်းတို့ဖတ်နှင့်အာခေါင်တို့ဖတ် ရယူစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)