ကျိုက်ဒုံ ဇန်နဝါရီ ၇
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင်ခွေးရူးရောဂါ မဖြစ်ပွားစေရန်နှင့် ပြည်သူများ ခွေးရူးရောဂါ အန္တရာယ်ကင်းဝေးရန်အတွက် ရည်ရွယ်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမ ယမန်နေ့ ညနေ၄နာရီက နေအိမ်များတွင် မွေးမြူထားသည့် ခွေးများအား ခွေးရူးရောဂါကြိုတင် ကာကွယ်ဆေး အခမဲ့ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါခွေးရူးရောဂါကာကွယ်ဆေထိုးနှံမှုများ ဆောင်ရွက်ရာမှာ ကျိုက်ဒုံမြို့အတွက်ကာကွယ် ဆေးအလုံး(၂၀) ရရှိပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရုံးတာဝန်ခံ ဦးစောပန်းစိန်မှမြို့ပေါ် ၆ ရပ်ကွက်များရှိ နေအိမ်များတွင်မွေးမြူထား သည့် အိမ်မွေးခွေးများအား ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခဲ့ပြီး၊ တိရစာ္ဆန်တွေကနေလူကိုကူးစက်တဲ့ ရောဂါထဲမှာ ခွေးရူးရောဂါဟာကြောက်စရာအကောင်းဆုံးဖြင့်ပြီး ဒါကြောင့်မိမိတို့၏ နေအိမ်များတွင်မွေးမြူထားသည့် ခွေးများကိုဂရုစိုက်ပြီးနှစ်စဉ် ကာကွယ်ဆေးထိုးနှံပေးကြရန်၊ကာကွယ်ဆေးသက်တမ်းမှာ တစ်နှစ်ဖြစ်ပြီးနှစ်စဉ်ပုံမှန် ကာကွယ်ဆေးထိုးဖို့လိုအပ်ကြောင်း(မွေး/ကု)ရုံးတာဝန်ခံ ဦးစောပန်းစိန်ထံမှသိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)