ကံမ ဇန်နဝါရီ ၇
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အမှတ် (၄) ရပ်ကွက် ကွမ်းခြံလမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်း အဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရ သည်။
အဆိုပါ ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေမှ ငွေကျပ် ၆၃ သိန်းဖြင့် လမ်းအကျယ် ၁၂ ပေ၊ အရှည်ပေ ၃၀၀ နှင့်အနက် ထု ၈ လက်မအား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ကံမမြို့နယ်စည်ပင်သာယာရေး အဖွဲထံမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)