သရက် ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က “အောင်မြင်ချင်ရင် ကိုယ်တိုင်ကြိုးစားရမည်” ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိနန္ဒာအောင်က ပလတ်စတစ်ညစ်ညမ်းမှု နှင့် စနစ်တကျအမှိုက်စွန့်ပစ်ခြင်း အကြောင်းအရာများကို ပြေကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူး မင်းကျော်ဟိန်းက မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ပုံအဆင့်ဆင့်ကို ပြောကြားပေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်ဖော်ဝါးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ ပြောကြား ပေးခဲ့သည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစည်သူလွင်က ငလျင်ဘေးဆိုင်ရာနှင့် မုန်တိုင်းဘေးဆိုင်ရာများ ပြောကြားပေးခဲ့သည်။ အခမ်းအနားအပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ များက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်၊၊
ဇော်ထက် (သရက်)