မြို့သစ် ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၉ နာရီအချိန် ခန့်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှ အပရုံးဖွင့်ရက်များတွင် ပုံမှန်ထုတ်ပေးလျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့သစ်မြို့နယ်တွင် အငြိမ်းစား ဝန်ထမ်းပင်စင်လစာငွေ ထုတ်ယူမည့်သူ စုစုပေါင်းဦးရေ (၁၂၅၄) ဦးခန့်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)