ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အလင်းရတနာကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ကျန်းမာရေးမှူး ဦးထင်လင်းဇော်က ဆေးလိပ်နှင့် ဆေးရွက်ကြီးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများကိုလည်းကောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်ငြိမ်းမေနှောင်းက ကျန်းမာရေးဆိုင်ရာ အသိပညာပေးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အခမ်းနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မူကြိုကလေးမိဘများ၊ မူကြိုကျောင်းသား၊ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက မူကြိုကျောင်းသား၊ ကျောင်းသူလေးများအား မုန့်နှင့် ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)