ဆိပ်ဖြူမြို့နယ်၌ ပဲစိမ်းငုံစိုက်ပျိုးခြင်းမှ ဈေးကောင်းရရှိနေ

ဆိပ်ဖြူ ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဈေးကွက်အတွင်း ပဲစိမ်းငုံအဝင်များပြီး ပဲစိမ်ငုံ စိုက်ပျိုးထုတ်လုပ်ခြင်းမှ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မိုးတွင်းကာလမှစတင်၍ ပဲစိမ်းငုံကို ကုန်းစိုက်ခင်းများ၌ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ အခြားသီးနှံများနှင့် တွဲဖက်၍ သီးထပ်သီးညှပ်အဖြစ် စတင်စိုက်ပျိုးခဲ့ကြပြီး၊ ဆောင်းတွင်းကာလ၌ ရိတ်သိမ်း၍ ဈေးကွက်သို့တင်ပို့ရောင်းချကြသည်။ ပဲစိမ်းငုံများ လက်ရှိ ဈေးကွက်အတွင်း ဝင်ရောက်များခဲ့ပြီး  ယခင်ရက်များက ပဲစိမ်းငုံ တစ်တင်းလျှင် (၈၅,၀၀၀) ကျပ် မှ (၈၈,၀၀၀) ကျပ်အထိ ဈေးရရှိရာမှ ယနေ့လက်ရှိ ပေါက်ဈေး အဝယ် တစ်တင်းလျှင် (၉၄,၀၀၀) ကျပ်အထိ ဈေးရရှိလျက်ရှိသည့်အတွက် ပဲစိမ်းငုံစိုက်တောင်သူများ အဆင်ပြေကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)