လိပ်သို သြဂုတ် ၅
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မြေစိုက်နံရံကပ်ဘုတ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်းသိကောင်းစရာများကို ယနေ့နံနက် ၉ နာရီက ပြသထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်ဘုတ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၅) ရက်မှ သြဂုတ်လ (၇) ရက်အတွင်း မိမိရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ မဲပေးနိုင်ဖို့အတွက် သင့်နာမည်ဟာ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရပါမယ်၊ သင့်အမည် ပါ/မပါ စစ်ဆေးပါ၊ မဲစာရင်းတွင် သင့်နာမည် ပါဝင်ပါသလား၊ သင်ဒါတွေသိပြီးပြီလား၊ မကြာခဏမေးလေ့မေးထားရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းတွေသိပြီးပြီလား၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများအကြောင်း သိကောင်းစရာများကို ပြသသည်။
ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနံရံ ကပ်စာစောင်များနှင့် ပိုစတာများတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသထားကြောင်း သိရသည်။
နွယ်နွယ်ခိုင်(ပြန်/ဆက်)