ဝေါမြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများက ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး

ဝေါ  ဇန်နဝါရီ   ၂၅

၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း()ကို ယနေ့နံနက်(၆)နာရီမှစတင် ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများက မဲရုံအသီးသီးတွင် လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

ဝေါမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများက မိမိကြိုက်နှစ်သက်ရာ ပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား လျှို့ဝှက်ဆန္ဒပြုခန်းများ၌ (MEVM) မဲပေးစက်ဖြင့် လွတ်လပ်စွာ ဆန္ဒမဲ ပေးရွေးချယ်ကြသည်။ ဝေါမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၇)အုပ်စုတွင် မဲရုံစုစုပေါင်း (၁၀၇)ရုံ၊ မဲဆန္ဒရှင်ဦးရေ (၁၀၉၇၇၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)