ကျောက်တံခါးမြို့နယ်ရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများလာရောက် ဆန္ဒမဲပေးလျက်ရှိ

ကျောက်တံခါး  ဇန်နဝါရီ ၂၅

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့နံနက် (၆) နာရီက စတင်ကျင်းပလျက်ရာ ကျောက်တံခါးမြို့နယ်၏ ရပ်ကွက်(၁၈)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆) အုပ်စုရှိ မဲရုံ (၁၂၄) ရုံတွင် မဲဆန္ဒရှင်ပြည်သူများလာရောက် ဆန္ဒမဲပေးလျက်ရှိသည်။

ထိုသို့ ပြည်သူများ လွတ်လပ်အေးချမ်းသာယာစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအလိုက်တာဝန်ရှိသူများနှင့် လုံခြုံရေးအဖွဲ့များက လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)