အုတ်တွင်း ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ မဲရုံ (၈၄)ရုံ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) တွင် ပြည်သူများ မဲပေးနိုင်ရေးအတွက် ယနေ့နံနက်(၆)နာရီအချိန်က မဲရုံအသီးသီး၌ စတင်ဖွင့်လှစ်လျက်ရှိရာ ပြည်သူများမှ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲများစတင်ပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၃) ကိုအုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၄) အုပ်စု၊ ရပ်ကွက်/ကျေးရွာအုပ်စု စုစုပေါင်း(၄၄)အုပ်စုတို့ရှိ မဲရုံ (၈၄) ရုံတွင် မဲဆန္ဒရှင်ပြည်သူ (၁၀၅၅၅၄) ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွှတ်တော်အသီးသီးတွင် သက်ဆိုင်ရာ မဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ (၈) ပါတီမှ ကိုယ်စားလှယ်လောင်းများကို နံနက် (၆)နာရီမှ ညနေ (၄)နာရီအထိ ဆန္ဒမဲများ စတင်ပေးနှံလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)