အုတ်ဖို ဇန်နဝါရီ ၂၅
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက် (၆) နာရီမှ စတင်ကာ နိုင်ငံတစ်ဝှမ်းနေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်ရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
မဲရုံမဖွင့်လှစ်မီမဲရုံတာဝန်ရှိသူများက မဲပုံးများအား ပါတီကိုယ်စားလှယ်များအား ပြသ၍ လုံခြုံရေးကြိုးများ တပ်ဆင်ပြီးနောက် နံနက် (၆) နာရီတိတိတွင် မဲရုံမှူးက မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေညာပေးခဲ့ပြီး မဲရုံဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို ဆန္ဒပြုမဲပေးလျက်ရှိကြောင်း၊ မဲရုံအလိုက်တာဝန်ရှိသူများနှင့် လုံခြုံရေးအဖွဲ့များက မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးအတွက် လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)