သဲကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပ ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

သဲကုန်း ဇန်နဝါရီ  ၂၅

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းတိုင်းဒေသကြီး/ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်အသီးသီးတွင်ကျင်းပဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း မြို့နယ်တွင် ယနေ့နံနက်(၆) နာရီမှစ၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရပ်ကွက်/ကျေးရွာများရှိ သက်ဆိုင်ရာ မဲရုံများတွင်သွားရောက်၍ လွတ်လပ်ပျော်ရွှင်စွာ ဆန္ဒမဲပေးလျက်ရှိကြသည်။

သဲကုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်၍လျှို့ဝှက်ဆန္ဒပြုခန်းများ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအသုံးပြု၍ လွတ်လပ်စွာဆန္ဒမဲပေးခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ရပ်ကျေးကော်မရှင်များမှ လိုအပ်သည်များကို ကြီးကြပ်စီမံဆောင်ရွက်ပေးလျက်ရှိသည်။

သဲကုန်းမြို့နယ်တွင်  ရပ်ကွက် (၁၄)ခု ကျေးရွာ(၃၉) အုပ်စု၊ မဲရုံ(၁၁၆)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူ(၈၁၄၈၀) ဦးရှိပြီး၊ နိုင်ငံရေးပါတီ(၈)ခုမှ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း (၈) ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (မဲအများဆုံးရသူအနိုင်ယူစနစ်)မှ ကိုယ်စားလှယ်လောင်း(၇) ဦး၊ တိုင်း​ဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (မဲအများဆုံးရသူအနိုင်ယူစနစ်)မှ ကိုယ်စားလှယ်လောင်း (၈)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း(၅)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)