ကော့ကရိတ် ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်အတွက် စီမံကိန်းရည်မှန်းချက် အဆိုပြုချက်များ (ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ) ဆွေးနွေးညှိနှိုင်းခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က ကော့ကရိတ်မြို့အတွင်းရှိ ဌာနဆိုင်ရာများ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် စီမံကိန်းလုပ်ငန်းများ ရေးဆွဲလျာထားမှုများ၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက် နေသည့် လုပ်ငန်းများနှင့် မိမိတို့ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အများပြည်သူ သိရှိနိုင်စေရေး အတွက် သတင်းထုတ်ပြန်နိုင်ရေးနှင့် ဌာနဆိုင်ရာအချင်းအချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး တို့ကို ဆွေးနွေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မိမိတို့ဌာနအလိုက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ရေးဆွဲထားသည့် စီမံကိန်းလုပ်ငန်းများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။ ခရိုင်အုပ်ချုပ်ရေးမှူးမှ ယနေ့ အစည်းအဝေး တွင် တင်ပြလာသောလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ထံသို့ မိမိတို့ဌာနမှ လစဉ်စီမံကိန်းရေးဆွဲတင်ပြရကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုပြီးမှသာ ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ ဆက်လက်တင်ပြရပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးသို့ ဌာနဆိုင်ရာ တာဝန်ရှိသူ (၁၅) ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။
ကျော်စိုးလွင် (ခရိုင်/ ပြန်ဆက်)