ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဖြူးမဲဆန္ဒနယ်မြေတွင် ဆန္ဒမဲများ စတင်ပေး

ဖြူး ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့၊ နံနက် (၆) နာရီမှ မဲရုံများစတင်ဖွင့်လှစ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

​ဖြူးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၃၃) အုပ်စု၊ မဲရုံ (၇၅) ရုံ၊ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၉၃၀၄၈) ဦး၊ ပါတီပေါင်း (၄) ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် (၅) ဦး၊ အမျိုးသားလွှတ်တော် (၁) ဦး၊ တိုင်းဒေသကြီးလွှတ်တော် (၉) ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦး ဝင်ရောက်ယှဥ်ပြိုင်အရွေးခံကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)