ပေါင်းတည်မြို့ကျက်သရေဆောင် မင်းလင်္ကျာ မင်းလက်ဝဲ စေတီများအား ပြန်လည်မွမ်းမံ ရွှေသင်္ကန်းကပ်လှူ

ပေါင်းတည် ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည် ဗုဒ္ဓမြတ်စွယ်တော်တိုက် ဝင်းအတွင်းရှိ မြို့ကျက်သရေဆောင် သမိုင်းဝင် မင်းလင်္ကျာ မင်းလက်ဝဲ စေတီနှစ်ဆူအား ပြန်လည်မွမ်းမံ ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်‌စေရန် အလှူခံဌာနဖွင့်လှစ်ထားရှိရာ ပြည်သူအများ ထည့်ဝင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ လှူဒါန်းကြရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ရွာပြည်သူများက ရွှေစင်၊ ရွှေသား ရွှေပြားများနှင့် ဝတ္ထုငွေများ ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရွှေသား(IPRD)