ပေါင်းတည် ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ရပ်ရွာပြည်သူများသည် ဆီထုတ်စာအုပ်ဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ဆီထုတ်ကတ်ပြားများဖြင့်လည်းကောင်း စားအုန်းဆီများကို ကိုယ်စားလှယ်ဆိုင်များမှ ဝယ်ယူနိုင်ကြောင်း သိရသည်။
မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ရပ်ရွာပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား နေ့စဉ် ဒေသ သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ မြို့နယ်အတွင်းရှိ ဆီကိုယ်စားလှယ်ဆိုင်ကြီး ၆ ဆိုင်က စားအုန်းဆီများကို စနစ်တကျ ရောင်းချပေးနိုင်ရန် စီစဉ်ပေးထားကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ရွှေသား(IPRD)