ကျောက်တံတား ဇန်နဝါရီ ၇
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၏ ကျောင်းစာကြည့် တိုက်(၂၀၀) ဖွံ့ဖြိုးရေးစီမံချက် အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာကြည့်တိုက် အသင်းတို့၏ လုပ်ငန်းမိတ်ဆက်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီ တွင် အွန်လိုင်း(Zoom Meeting)ဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဒေါ်အဝင်းက နှုတ်ခွန်း ဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံစာကြည့် တိုက်အသင်း ဒု-ဥက္ကဋ္ဌ(၂) ဒေါက်တာ ခင်လေးစိုးက ကျောင်းစာကြည့်တိုက်(၂၀၀) စီမံချက် လုပ်ငန်းများအချိန်နှင့် တစ်ပြေးညီ အောင်မြင် ပြီးမြောက်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကို အသေးစိတ်ရှင်းလင်းခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း အလုပ်အမှုဆောင် ဒေါ်စုစု (စီမံကိန်းညှိနှိုင်း ရေးမှူး)က လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှု အစီအစဉ် ကို လည်းကောင်း အလုပ်အမှုဆောင် (ဘဏ္ဍာရေးမှူး) ဒေါ်မိမိက ကျောင်းစာကြည့်တိုက်(၂၀၀) ဖွံ့ဖြိုးရေးစီမံချက် ဘဏ္ဍာရေး ကိစ္စများ ရှင်းလင်းဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းမှ အလုပ်အမှုဆောင်တို့ကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းစာကြည့်တိုက်(၂၀၀) ဖွံ့ဖြိုးရေးစီမံချက် လုပ်ငန်းဆွေးနွေးပွဲကို ဇန်နဝါရီလ (၆)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် တိုင်းနှင့် ပြည်နယ် အလိုက် နှစ်သုတ်ခွဲ၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ(ပြန်/ဆက်)