မော်လိုက်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကျင်းပ

မော်လိုက် ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူလူငယ်များ ပြည်ထောင်စုနေ့သမိုင်းကြောင်းများ မမေ့လျော့ကြစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူပေါင်းကာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်းအမှတ်(၃)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာဟောပြောပွဲတွင် အ.မ.က(၃) ကျောင်းအုပ်ဆရာကြီး ဦးကျော်မိုးအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်က ပြည်ထောင်စုနေ့ပုံပေါက်လာပုံနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထား‌သော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)