သန်လျင် ဇန်နဝါရီ ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး အဖွဲ့ တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးချုပ်နှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အတွင်းလှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ တိုင်းဒေသကြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်တင်၊ ညွှန်ကြား ရေးမှူး ဦးတင်မောင်မြင့်နှင့် တာဝန်ရှိသူများသည် သန်လျင်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးတို့နှင့်အတူ သန်လျင်မြို့နယ် မြို့တွင်းလမ်းများ အဆင့် မြှင့်တင်ခြင်း AC နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် မြို့မ တောင်ရပ်ကွက် သတိပဋ္ဌာန်လမ်းကြီး ရေမြောင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် သန်လျင် မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သန်လျင်မြို့ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးတို့အား မှာကြားခဲ့ပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သက်ခိုင် (သန်လျင်)