တွံတေး ဇန်နဝါရီ ၇
ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်အတွင်းရှိ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သည့် လမ်းများ အဆင့်မြှင့်တင်မှုနှင့် တွံတေး-မအူပင်ကားလမ်းပေါ်ရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် တည်ဆောက်နေမှုကို ယမန်နေ့နံနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦး၊ ကျေးလက်လမ်းတံတား ဦးစီးဌာန၊ မြို့နယ်လမ်း ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါ၍ တည်ဆောက်ဆဲ ခင်းနေဆဲ လမ်းများ၊ ရွှေဆံတော် ဂေါပကအဖွဲ့နှင့် တွေ့ဆုံပြီး ပန်းခြံတည်ဆောက်ရေးဆွေးနွေးခြင်း ရွှေဆံတော် ဘုရား လမ်းမကြီး မြို့အင်္ဂါရပ်နှင့် ညီစေရေး လမ်းဘေးပလက်ဖောင်းပေ(၁၇၀၀) ဆောင်ရွက်နေမှု၊ မူးလမန်းကျေးရွာ ရွာလယ်လမ်းမကြီး ကွန်ကရစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှု ကံဘဲ့ဘုရားလမ်းနှင့် ဗောင်းတော်ချုပ်ဘုရားလမ်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းကျင်းနေမှု တွံတေး-ဒလ ကားလမ်း အဆင့်မြှင့်တင် ခြင်း ဆောင်ရွက်နေမှုနှင့် တွံတေး-မအူပင်ကားလမ်းမပေါ်ရှိ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စစ်ဆေးရေးဂိတ်တို့၏ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)