ကျောက်တန်း ဩဂုတ် ၅
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျောက်တန်းမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနက ငါးသယံဇာတ ဖွံ့ဖြိုး တိုးတက် စေရေး၊ ငါးမျိုးပြုန်းတီးမှု မရှိစေရေးနှင့် စားသုံးမှု ဖူလုံစေရေးတို့အတွက် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်း မြို့နယ် ဘန့်ဘွေးကုန်းဆည်နှင့် စပါးစိုက်ခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ငါးမျိုးစိုက်ထည့်ရာတွင် ကျောက်တန်းမြို့နယ်ရှိ ဘန့်ဘွေးကုန်းဆည်းအတွင်း ငါးမြစ်ချင်းငါးမှုန်ကြီးငါး အကောင်ရေ သိန်း(၁၀၀)ကောင်၊ ငါးသန်ကောင်ရေ (၁) သိန်းနှင့် တောင်သူ(၅) ဦး၏ လယ်ဧက(၁၂၀) စပါးစိုက်ခင်းများအတွင်း ငါးခုံးမ အကောင်ရေ(၆) သောင်း၊ စုစုပေါင်း ငါးအကောင်ရေ တစ်ရာ့တစ်သိန်း ခြောက်သောင်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းလတ်၊ ရန်ကုန်တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်ဦးစီးမှူး ဦးခင်ဝင်း ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်ဆွေဝင်း(ကျောက်တန်း)