သုံးခွ ဇန်နဝါရီ ၇
၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ညောင်လေးပင် ကျေးရွာတွင် ရေကန်သန့်ရှင်း သာယာလှပစေရေး အတွက် ရေကန်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ရန်ကုန် တောင်ပိုင်းခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်အဖွဲ့က ယမန်နေ့မွန်းလွဲ ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရ သည်။
ထို့နောက် ညောင်နီကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် လယ်ယာထုတ်ကုန်ပစ္စည်းများ စျေးကွက် အတွင်းသို့ လွယ်ကူ အဆင်ပြေ စွာ သယ်ယူပို့ဆောင်နိုင်ရန်၊ ကုန်ထုတ် ဂဝံလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးပြီး ကုမ္ပဏီ တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြား၍ လမ်းကော်မတီများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်းမှာ အလျား ၄,၉၅၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ရှိကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်