ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်းစေရေး အတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ Mask မတပ်ဆင်သူများအားအသိပညာပေးခြင်း၊ ဒဏ်ရိုက်ခြင်း နှင့် Mask campaign  အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား  စစ်ဆေးအရေးယူခြင်းကို ယနေ့နံနက်ပိုင်းက  အမှတ်(၂) ရပ်ကွက် စပ်စံထွန်းလမ်းနှင့် ညောင်ဦးဖီးလမ်းရှိ ယာယီပျံကျစျေးတွင်  မြို့နယ်  ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နေအိမ်ပြင်ပသို့ ထွက်ခွာချိန်တိုင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန် ချက်များကို  မလိုက်နာသည့်  နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးကြပ်မတ်အရေးယူခြင်းကို  မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊  ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များက  ပါးစပ်နှာခေါင်းစည်း (mask) တပ်ဆင်ထားခြင်းမရှိသော စျေးရောင်း စျေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာများ၊ စက်ဘီး၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအပေါ် လိုက်ပါလာသူ များအား ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပါက (mask) တစ်ခုလျှင် နှစ်ရာကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်သည့်စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ အမှတ်(၂)ရပ်ကွက် ယာယီပျံကျစျေး ၌ ကျား(၁၆)၊ မ (၃)ဦး စုစုပေါင်း(၁၉)ဦးအား စစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆုငယ်ထွန်း(ပြန်/ဆက်)