သံတောင်ကြီး ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် သံတောင်ကြီး အမျိုးသမီးများအဖွဲ့တို့ပူးပေါင်း၍ ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်အတွက် မြန်မာ့ရိုးရာအစားအစာ မုန့်ဖုတ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက သံတောင်မြို့ လူမှုဝန်ထမ်းဦးစီးဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်အေးအေးမြင့်က အမျိုးသမီးများတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများ နည်းပညာ ရရှိစေရန်၊ အရင်းအနှီးနည်း နည်းဖြင့် မိသားစုလုပ်ငန်းမှ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများလုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး သံတောင်ကြီးအမျိုးသမီးများအဖွဲ့ဒါရိုက်တာ ဒေါ်နော်မာမာချိုက သင်တန်းတွင် မြန်မာ့ရိုးရာအစားအစာနည်းပညာများကို စနစ်တကျသင်ယူ တတ်မြောက်၍ ပြန်လည်အသုံးချမျှဝေနိုင်ရန်အတွက် ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် မုန့်ဖုတ်နည်း (၃)မျိုး နှင့် ဒန်ပေါက်ချက်နည်း ၊ ထောပတ်ထမင်း ချက်နည်း ၊ ကျောက်ကျောက်ကျိုချက်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇန်နဝါရီ(၆) ရက် မှ (၇) ရက်နေ့အထိသင်ကြားပေးသွားမည်ဖြစ်ကြောင်း နှင့် သင်တန်းသူ/သား (၂၀)ဦးတက် ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)