ပေါက်ခေါင်းမြို့နယ်တွင် မွေးကင်းစ အသက်(၂)လမှ တစ်နှစ်ခွဲအောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ကျွေးခြင်းများဆောင်ရွက်

ပေါက်ခေါင်း   ဇန်နဝါရီ   ၇

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် မွေးကင်းစ အသက်(၂)လမှတစ်နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင် များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက် ကျွေးခြင်းများကို မြို့နယ်ဆရာဝန်ကြီးဒေါက်တာသိမ့်သိမ့်ထွန်း ဦးဆောင် သော ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့နေ့လယ်ပိုင်းက ချောင်းခွကြီးကျေးရွာကျန်းမာရေးဌာနခွဲတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီးက ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးပေးရခြင်းနှင့် စပ်လျဉ်း၍ ကာကွယ်နိုင်သော ရောဂါများ အကြောင်းကို ဆွေးနွေးပြောကြားသည်။ အဆိုပါ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်းအစီအစဉ်တွင် ကလေးများအား ပေါင်ချိန်ခြင်း၊ ဝက်သက်-ဂျိုက်သိုး bcg ကာကွယ်ဆေး Pcv ငါးမျိုးစပ် ကာကွယ်ဆေး၊ penta ပြင်းထန် အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်းများ အပြင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ် ဆေးထိုးနှံပေးခြင်း များကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဝန်းထမ်းများနှင့်စေတနာ့ဝန်ထမ်းများက ကူညီ ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)