ကိုကိုးကျွန်းမြို့နယ်တွင် လျှပ်စစ်အန္တရာယ် ကင်းဝေးနိုင်ရေး အသိပညာပေးပြုလုပ်

ကိုကိုးကျွန်း ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးအေး ဦးဆောင်မှုဖြင့်မြို့နယ် လျှပ်စစ် တာဝန်ခံ အင်ဂျင်နီယာ  ဦးကျော်စိုး၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နှင့် ကိုကိုးကျွန်း မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက်အသိပညာပေး ဟောပြောပွဲ ကျင်းပ ခဲ့ကြောင်းသိရသည်၊၊ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးအေးမှ ယခင်က ကိုကိုးကျွန်းမြို့နယ်တွင် လျှပ်စစ်မီးကို ညနေ(၆)နာရီမှ ည(၁၂)အထိ တစ်နေ့ကို (၆)နာရီ အချိန်ပိုင်းသာ ရရှိခဲ့ပြီး ဒီကနေ့မှာ နိုင်ငံတော်အကြီးများ၏ မွန်မြတ်သော စေတနာ ဖြင့် ဖြည့်ဆည်းပေးခဲ့ခြင်းကြောင့် ၂၄နာရီမီးရရှိနေပြီ ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်လျှပ်စစ်တာဝန်ခံ အင်ဂျင်နီယာ   ဦးကျော်စိုးက ကိုကိုးကျွန်းမြို့နယ်တွင် ၂၄ နာရီမီးရရှိနေမှုနှင့်အတူ ပြည်သူ လူထု အနေဖြင့် လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်၍ လိုက်နာရ မည့် စည်းကမ်းများ မလိုအပ်ဘဲ ဓာတ်အားကြိုးများ ကိုင်တွယ်ခြင်း မပြုကြရန်၊ ဟောင်းနွမ်း နေသော ဓာတ်ကြိုးများအား အသစ် တပ်ဆင်စေလိုကြောင်း လျှပ်စစ်ဓာတ်အားများကို မလိုအပ်ပဲ လေလွင့် ပြုန်းတီးမှု မရှိစေရေး အလေးထားလိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။ လျှပ်စစ်ဝန်ထမ်း များမှလဲ တက်ရောက် လာကြသော  ပြည်သူများအား လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေး လက်ကမ်း စာစောင် များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်း(ပြန်/ဆက်)