ပေါင်းတည် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အုန်းသုံးပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
ဦးစွာ အုန်းသုံးပင် အ-မ-က ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးဆုစံက စာဖတ်သည့်အလေ့အထ လေ့ကျင့်မွေးမြူနိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောသည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ဆက်လက်ပြသပေးရာ ကျောင်းသား ကျောင်းသူများ လူငယ်လေးများက စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)