ခရမ်းမြို့နယ်တွင် အုတ်ရေသိုလှောင်ကန်တည်ဆောက်မှုအား ကွင်းဆင်းစစ်ဆေး

ခရမ်း ဇန်နဝါရီ   ၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ နွေရာသီတွင် သန့်ရှင်းသည့် သောက်သုံးရေ ဖူလုံစေရေး အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တည်ဆောက်လျက်ရှိသည့် ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေ သိုလှောင်ကန် တည်ဆောက် နေမှုကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ အုတ်ရေသိုလှောင်ကန်ကို ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ခရမ်းမြို့နယ် ရေကျော် ကျေးရွာတွင် တည်ဆောက် ခြင်း ဖြစ်ပြီး အဆိုပါတည်ဆောက်ပြီးစီးမှုများကို ခရမ်းမြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်နှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြား ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကျော်ကျေးရွာမှာ ခရမ်းမြို့ အရှေ့ဘက် မုတ္တမပင်လယ်ကွေ့အနီးတည်ရှိပြီး ပင်လယ်နှင့် နီးကပ်မူကြောင့် နွေရာသီတွင် ကျေးရွာနေပြည်သူများမှာ သောက်သုံးရေ ပြတ်လတ်မှုနှင့် အမြဲကြုံနေရသည့်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေသိုလှောင်ကန် တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကိုမင်း(ခရမ်း)