မင်းဘူးမြို့၌ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် အမှိုက်စွန့်ပစ်မှုမရှိစေရေး ဆောင်ရွက်

မင်းဘူး ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် အမှိုက်စွန့်ပစ်မှုမရှိစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားချက်အရ မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်၌ ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မင်းဘူးမြို့  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်‌ရေးဦးစီးဌာန၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ၂၈. ၁. ၂၀၂၆ နံနက်ပိုင်းက ပုဂံမျှော်ရပ်ကွက် ဧရာဝတီမြစ်ကမ်းနားရှိ ရေယာဥ်များပေါ်တွင် အသိပညာပေး ဗီနိုင်းပိုစတာများကပ်ခြင်းနှင့် ဧရာဝတီမြစ်သာယာလှပစေရန်အတွက် လူစည်ကားရာနေရာများတွင် အမှိုက်ပုံးများထားရှိခြင်း၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များတွင် အသိပညာပေးပိုစတာများကပ်ခြင်း ပလတ်စတစ်ညစ်ညမ်းမှု၊ ရေချိုရှားပါးမှု လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)