ကော့မှူး ဇန်နဝါရီ ၇
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြု ရန်ပုံငွေများဖြင့် မြို့နယ်အတွင်း သန့်ရှင်း သာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန် စေရေးတို့ အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေနံနက်က မြို့သစ်ရပ်ကွက် အနောက်ဖက်ခြမ်း ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်း အသစ် များ တူးဖော်နေကြောင်းသိရသည်။
ကော့မှူးမြို့နယ် မြို့သာယာလှပ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ် ကြီးကြပ်၍ အရှည်(၂၁၇၇) ပေ၊ အကျယ်(၄)ပေ၊ အမြင့်(၄)ပေရှိသော အဖုံးပါ အုတ်ဆီရေမြောင်း ပြုလုပ်ခြင်းကို၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ် (၁၆၀.၀၀) သန်းဖြင့် သတ်မှတ်စံချိန် စံညွှန်းနှင့် အညီအရည်အသွေး ပြည့်မှီရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ရေနုတ်မြောင်းများတူးဖော်မှုကြောင့် ယခင်ကထက် ရေစီးရေလာကောင်းမွန်ခြင်း၊ မြို့တွင်းလမ်းများ ပိုမိုကောင်းမွန်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ကျော်သူရ (ကော့မှူး)