သနပ်ပင်မြို့နယ်၌ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေး

သနပ်ပင် ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သနပ်ပင်မြို့နယ်၌ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနိူင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်စောထွန်းက နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့် မြို့နယ်အတွင်းကျေးရွာများမှ စေတနာ့ဝန်ထမ်းများ ရွေးချယ်ရာတွင် ဒေသခံဝန်ထမ်းများမှ အဆင်ပြေမည်ဖြစ်ကြောင်း၊ ကျေးရွာများသို့ ကွင်းဆင်းခဲ့သည့် အတွေ့အကြုံများအရ ကြုံတွေ့ခဲ့ရသည့်အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များ ရှင်းလင်းဆွေးနွေးခဲ့ရာ ၂၀၂၆ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် ခက်ခဲဒေသများတွင် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးအတွက် မှတ်တမ်းဗီဒီယိုပြသခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)