မရမ်းကုန်း၊ ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အမှတ်(၂၊၇၊၈) ရပ်ကွက်များရှိ စျေးများနှင့် လူစည်းကားရာ နေရာများတွင် ယနေ့နံနက် ၇၀:၀၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွန်ချက်နှင့်အညီကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးနှင့် ပြည်သူများအားအသိ ပညာပေးလုပ်ငန်း ဖြစ်သည့်အဝါရောင် Mask Campaign လှုပ်ရှားမှု အနေဖြင့် Mask အခု၈၀၀၀ခု၊ faceshield ၁၀၀၀ ခု နှင့်အဝါရောင်တီရှပ်အထည် ၅၀၀ တို့ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် ကိုဗစ်ကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာကော်တီ ဥက္ကဋ္ဌ ဦးစိန်ထွန်း နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှု့ရေးအသင်းအဖွဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများလိုက်ပါကာ ပြည်သူများအားစနစ်တကျ Mask၊ face shield များတပ်ဆင်ကြရန်၊ လက်ကိုမကြာခဏဆေးကြရန်နှင့် လိုက်နာဆောင်ရွက် ရမည့်အချက်များအား အသိပညာ ပေးပြောကြားခဲ့ကြကြောင်းသိရသည်။
အေးအေးအောင် (ပြန်/ဆက်)