အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်

ရန်ကုန်   ဩဂုတ်  ၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီး ရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ က္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ဖော့ကန်ရပ်ကွက်၊ အောင်ဇေယျလမ်းအတွင်း ခရိုင်ရေစီးရေလာ စီမံခန့်ခွဲမှု လုပ်ငန်း တာဝန်ခံ အဖွဲ့မှ EE ဦးသန်းအောင်ဦး တာဝန်ယူဆောင်ရွက်မည့် အုတ်ရေမြောင်း လုပ်ငန်း ပြုလုပ်ရန် စတင်ပြင်ဆင်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်မိရပ်ဖများ၊ ရပ်ကွက် အထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေစဉ် ကာလအတွင်း အခက်မခဲမရှိ အဆင်ပြေချောမွေ့ စေရန် လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)