သံဖြူဇရပ် ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် နိုင်ငံတစ်ဝန်းကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများပိုမိုအဆင်ပြေချောမွေ့စေရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့်အသိပညာပေးဆွေးနွေးခြင်းကို ဇန်နဝါရီ ၂၉ ရက်နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မင်းသန့်ဇင်က နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးအတွက် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အစီအစဥ်များနှင့် မြို့နယ်အတွင်း လစဥ်ဆောင်ရွက်လျက်ရှိသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ကာကွယ်ဆေးထိုးမည့်သူ မကျန်ရှိစေရေးစေတနာ့ဝန်ထမ်းများနှင့် ဒေသခံဝန်ထမ်းများမှ ကွင်းဆင်းခဲ့မှုများကို ရှင်းလင်းဆွေးနွေးပြီး၊ ၂၀၂၆ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)