နတ်မောက် ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် အဘိုး/အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်စစ်ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးကုသမှုများ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနကျန်းမာရေးမှူး(၁)နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချို၊သွေးတိုး၊နှလုံးရောဂါဆိုင်ရာ စစ်ဆေးပေးခြင်းနှင့် အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း စသည့် ရောဂါလက္ခဏာများကို စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း