ပေါင် ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့်အသိပေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းညွန့်ဝင်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွေးနွေးနှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဂျူးမြတ်ချယ်လင်းနှင့် ဌာနဆိုင်ရာများ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းညွန့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန(ကူးစက်)ဌာနမှ ကျန်းမာရေးမှူး(၂) ဒေါ်နီနီမာမှ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် လက်ရှိဆောင်ရွက်နေသော ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့မှုမှတ်တမ်း video များ ပြသခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)