သထုံ ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြုလုပ်သည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်က ဘင်လှိုင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (ဝါးတော) ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မူလွန် (ဝါးတော) ကျောင်းအုပ်ဆရာကြီး ဦးစိုးမင်းသူက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးသူငယ်၏ အသက်အရွယ်အပိုင်းအခြားနှင့် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ တည်ဆဲဥပဒေအရ ကလေးအလုပ်သမားခိုင်းစေခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးအလုပ်သမား အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ သိရှိထားရမည့်အချက်များ စသည်တို့ကို ရှင်းလင်းဆွေးနွေးဟောပြောသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူကျောင်းသားများ လေ့လာနိုင်ရန် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှစိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)