မင်းလှ ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများအသိပညာဗသုသုတများတိုးပွားလာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.ကပြည်တော်သာ၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းတို့က ကျောင်းသား/သူများအား စာဖတ်ခြင်းရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးများ၊ လူကုန်ကူးမှုအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်သိကောင်းစရာများကို ပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား/သူလေးများအား သုတ၊ရသ၊စာစောင်များကို ဖတ်ရှု့စေခြင်းအပြင် လူကုန်ကူးမှုနှင့်သဘာဝဘေးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)